








မြန်မာ့ဂုဏ် အောက်တိုဘာ – ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ သည် နေပြည်တော်၊ မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေ ရေးရင်ပြင် တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်း ဖောက်လုပ်နေ မှုလုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ က ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင် အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများ ကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်း တည်ဆောက်နိုင်ရေးဒီဇိုင်းရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေး နှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်မှု အရည် အသွေးပိုင်းဆိုင်ရာ စစ်ဆေးရန်တာဝန်ရှိသူများအနေဖြင့်လည်းအဆင့်လိုက် စနစ်တကျ ဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်း ညွှန် မှာကြားပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ သည် ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင် တည်ဆောက်ရေးလုပ်ငန်း ခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များလိုက်ပါ၍ ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အဝင် မုခ်ဦးတည်ဆောက်ရန်လျာထားနေရာသို့ရောက်ရှိကြပြီး မြို့အဝင် မုခ်ဦး တည်ဆောက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြ ချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ သည် ရာဇသင်္ဂဟလမ်းမကြီးမှ နေပြည်တော်လေဆိပ်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် နေပြည်တော်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပမှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ရှုခံစင်မြင့်နေရာသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအားပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့်မျက်နှာ စာနေရာတို့အား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆန်းစစ် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ် ပေါ်ခဲ့သည့် လွှတ်တော်ဝန်းအတွင်းရှိ အဆောက်အဦများအား ပြန်လည်ပြုပြင်တည် ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် လွှတ်တော်အဝင်အမှတ်(၁)တံတားနေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ် ကြောင့် တံတားထိခိုက်ပျက်စီးမှုနှင့် ရွှေ့လျားမှုများဖြစ်ပေါ်ခဲ့ခြင်းအား ပြန်လည်ပြုပြင် ရာ၌ တံတားတစ်စင်းတွင် ခန်းဖွင့် ၅ ခု ပါဝင်ပြီး ခန်းဖွင့်၁ ခုလျှင် အလေးချိန် ၁၅၀၀ တန် ခန့်ရှိသဖြင့် တံတားတစ်စင်းလုံး စုစုပေါင်းအလေးချိန် ၇၅၀၀ တန်ခန့်အား Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့် ပင့်တင်၍ ပြုပြင်ခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြကြ ပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားပြီး လွှတ်တော် အဝင်အမှတ်(၁)တံတားနှင့် မုခ်ဦးဆောင် ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော် အဆောက်အဦ ပြုပြင်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်အဆောက်အဦခန်းမအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်အဦတို့အပါအဝင် အခြား အထောက်အကူပြု အဆောက်အဦများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဦးစားပေးအဆင့်သတ်မှတ်ချက်များအလိုက် ပြုပြင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရှင်းလင်းတင်ပြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက် စနစ် တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမြင်အားဖြင့်ကောင်းမွန်ရုံမဟုတ်ဘဲ ခိုင်ခိုင်ခံ့ခံ့ဖြစ်စေ ရေးပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည် ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း စနစ်တကျဖြင့် မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းအဆောက် အဦများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
#Myanmagon