








မြန်မာ့ဂုဏ် အောက်တိုဘာ ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ(ဥက္ကဌ-၁)ဦးမြတ်ဟိန်းနှင့်ဇနီးဒေါ်ထွေးထွေးညွန့် သားသမီးမြေးမိသားစုမှ နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ချိုင်းကျေးရွာအုပ်စု၊မဲဒီးကျေးရွာ ၊ဇေယျသိဒ္ဓိကျောင်းတိုက်တွင် မဟာကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့ကြောင်းသိရပါတယ်။
မဟာကထိန်အလှူရှင်များမှကြွရောက်လာသောဆရာတော်သံဃာတော်များကိုလှူဖွယ်ဝတ္တုအသီးသီးကိုဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်မဲဒီးကျေးရွာဇေယျသိဒ္ဓိရွာဦးကျောင်းတိုက်ဆရာတော် သာသနာ့တက္ကသီလဓ္မာစရိယ ဒေါက်တာအရှင်ကဝိသာရမှတရားတော်များမိန့်ကြားကာမဟာကထိန်အလှူရှင်များမှရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။
ထို့နောက်ကြွရောက်လာသောဆရာတော်သံဃာများအားနေ့ဆွမ်းကပ်လှူခဲ့ကြပြီးဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ကျေးရွာနေပြည်သူများအားနေ့လည်ဖြင့်စာဧည့်ခံကျွေးမွေးခဲ့ပါတယ်။
#Myanmagon