

မြန်မာ့ဂုဏ် အောက်တိုဘာ ၂၇
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ သမ္မတအိမ်တော်၌ စင်ကာပူနိုင်ငံ ယာယီသမ္မတ Eddie Teo နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က ယနေ့ကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲနေသော ကာလအသစ်သို့ ဝင်ရောက်နေရာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရောယှက်ပေါင်းစပ်လာကြောင်း၊ တရုတ်နှင့် စင်ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အနေဖြင့် ပိုမိုရင်းနှီးစွာ စည်းလုံးညီညွတ်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။
#Myanmagon