







မြန်မာ့ဂုဏ် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုး တိုးတက်သာယာစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၌ နှစ်စဉ် ရေဝင်ရောက်သည့် ကျောက်ကြီးစုရပ် ကွက်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၇၇၆.၈)သန်းဖြင့် School Cam Shelter (၁၃၀x၃၀) ပေ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေး ကျရောက်လာပါကပြည်သူများအရေးပေါ်ခိုလှုံရန်အတွက်းလည်းကောင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ သာမန်အချိန်တွင်း စာသင်ကျောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်တည်ဆောက်ပေးခြင်းဖြစ်၍ ကျား/မသန့်စင်ခန်းများ စနစ်တကျ တည်ဆောက်ရန်၊ မသန်စွမ်းသူများပါ အသုံးပြုနိုင်ရေး ထည့်သွင်းတည်ဆောက်ရန်၊ ရေသန့်စနစ်တပ်ဆင်ရန်နှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဘောဿာဒီနန်းတော်ရာအတွင်းရှိ အဆောက် အဦးများ ဘက်စုံအဆင့်မြှင့်တင်နေမှုနှင့် မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါတယ်။
၎င်းနောက် ပဲခူးမြစ်ကူးတံတားဘေး ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်၌ အများပြည်သူစိတ်လက်အပန်းပြေနိုင်စေရေး ပန်းခြံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းနားပန်းခြံဖြစ်၍ ကမ်းထိန်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းသုံး ပစ္စည်းများ ထားရှိပေးရန်နှင့် ညမီးအလှများ တစ်ပါတည်းထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့၊ မဇင်းရပ်ကွက် တိုးချဲ့ (၃)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်အနိမ့်အမြင့် စနစ်တကျတိုင်းတာဆောင်ရွက်ရန်၊ လမ်းဘေးရေနုတ်မြောင်းများ တစ်ပါတည်း ထည့်သွင်း တည်ဆောင်ရန်နှင့် လမ်းပုခုံးသားများ အမာခံရရှိရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။
၎င်းနောက် မဇင်းရပ်ကွက်၌ ရွှေတရော် တံဆိပ်ဖြင့် မြန်မာ့ရိုးရာခေါင်းလျှော်ရည်ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး MSMEs လုပ်ငန်းများ တရားဝင်မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရန်၊ ထုတ်ပိုးမှုစနစ်ဖြင့် အဆင့်မြင့်နည်းပညာ များ သုံးစွဲထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး၌ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားနေမှုအား သွားရောက် ကြည်ညိုခဲ့ပြီး ဗုဒ္ဓစာပေကျမ်းဂန်နှင့်အညီ နာယကဆရာတော်ကြီးများ၏ ဩဝါဒအတိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။
#Myanmagon