






























မြန်မာ့ဂုဏ် နို၀င်ဘာ ၂၂
ဘတ္တရီ လျှပ်စစ်စက်ခေါင်း အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့်နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ် စတင်ပြေဆွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွာတော်ဘူတာကြီးတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ပို့ဆာင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီးဦးမြထွန်းဦး၊ဒုတိယ၀န်ကြီးဦးအောင်မြိုင်၊အမြဲတမ်းအတွင်း၀န်နှင့်မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး၊မြန်မာ့မီးရထားမှတာ၀န်ရှိသူများ၊နေပြည်တော်ကောင်စီအဖွဲ့များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးကအဖွင့်အမှာစကား ပြောကြားရာတွင်“နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့်အညီ ရထားပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်နေပါတယ်။ဒီဇယ်စက်ခေါင်းများအစား ဘတ္ထရီလျှပ်စစ်စက်ခေါင်းများကို အသုံးပြုလာခြင်းဖြင့် ဒီဇယ်ဆီကုန်ကျမှုကို သက်သာစေနိုင်သလို ဆူညံသံနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းနိုင်မှာ ဖြစ်ပါတယ်” လမ်းအပိုင်းများကိုယခုထက်ပို၍ကောင်းမွန်အောင် ဆောင်ရွက်ရန်အမံများရှိထားပြီးဖြစ်ကြောင်း၊လုပ်ဆောင်နေပါကြောင်းပြောပါတယ်။
ထို့နောက်နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု ပြီး လေအေးပေးစက်ပါလေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေအား မြန်မာ့မီးရထား၊ ဦးဆောင် ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပါတယ်။
ယင်းနောက်ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးပြည်ထောင်စု၀န်ကြီးအားမှတ်တရလက်ဆောင်ပေးအပ်ပါတယ်။
ထို့နောက်စတင်ပြေးဆွဲထွက်ခွာမည့် အမှတ်(၂၇)အဆန် (နေပြည်တော်-မန္တလေး)
ရထားတွဲဆိုင်း၏ ဘက်ထရီလျှပ်စစ်စက်ခေါင်းရှေ့သို့ ပြောင်းရွေ့နေရာယူပြီးအမှတ်(၂၇) အဆန် (နေပြည်တော်-မန္တလေး) ရထားတွဲဆိုင်း၏ ဘက်ထရီ လျှပ်စစ်စက်ခေါင်းအား ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။
ထို့နောက်စတင်ထွက်ခွာမည့် ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်းအား အမွှေးနံ့သာရည် များဖြင့်ပက်ဖျန်းပးကြပြီး
အခမ်းအနားသို့ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပါတယ်။
ထို့နောက်ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည်ပန်းပွားအကအဖွဲ့၊ ဘင်ခရာအဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့နှင့် ဦးရွှေရိုး၊ ဒေါ်မိုး အကအဖွဲ့တို့အား ဂုဏ်ပြုဆုချီးမြှင့်ပါတယ်။
ထို့နောက်ပြည်ထောင်စု၀န်ကြီးဦးမြထွန်းဦးမှအမှတ်(၂၇) အဆန် (နေပြည်တော်-မန္တလေး) ရထားတွဲဆိုင်းများပေါ် တက်ရောက်နေရာယူပြီးခရီးသွားပြည်သူများနှင့်အတူ
ရထားစီးနှင်းလိုက်ပါခဲ့ပြီးရထားပေါ်လိုက်ပါလာသည့်ခရီးသွားပြည်သူများအား အမှတ်တရ
လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
#Myanmagon