

ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးအပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ရေးဝန်ကြီးဌာန (EMERCOM) မှ ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်
မြန်မာ့ဂုဏ် နိုဝင်ဘာ ၂၄
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအား ရုရှားနိုင်ငံ၊ လူထုကာကွယ်ရေး၊ အရေးအပေါ်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်ရေးဝန်ကြီးဌာန (EMERCOM) မှ ချီးမြှင့်သည့် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် လက်မှတ် များပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပါတယ်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြပါတယ်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov က ဂုဏ်ပြုအမှာစကား ပြောကြားပါတယ်။
ထို့နောက် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များအားဂုဏ်ပြု အမှတ်
တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ပါတယ်။
ယင်းနောက် ဂုဏ်ပြုအမှတ်တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူများကိုယ်စား မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။
#Myanmagon