
မြန်မာ့ဂုဏ် နိုဝင်ဘာ ၂၇
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ သမ္မတဟာ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာပါတယ်။

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် ည ၉ နာရီဝန်းကျင်မှာ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိလာတာဖြစ်ပါတယ်။

တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာတဲ့ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနဲ့တာဝန်ရှိများက မြန်မာ့ရိုးရာ အကအလှများနဲ့အတူ ခမ်းနားစွာ ကြိိုဆိုနှုတ်ဆက်ကြပါတယ်။

#MyanmaGon #Myanmar #Belarus