
ပြည်ခိုင်ဖြိုးပါတီရဲ့ ထားဝယ်မြို့နယ် ကိုယ်စားလှယ်လောင်းတွေက ထားဝယ်သားကို မဲပေးကြဖို့ နိုဝင်ဘာလ ၃၀ ရက်နေ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာပြုလုပ်တဲ့ ပြည်သူနဲ့တွေ့ဆုံပွဲမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ကျော်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြတ်ကိုနဲ့ ထားဝယ်မြို့ခံပြည်သူတွေ တက်ရောက်ခဲ့ပါတယ်။

#MyanmaGon #Myanmar #Election