
မိုးကုတ်မှာ တိုက်ပွဲဖြစ်ပွားမှုအချို့ဖြစ်ပေါ်ခဲ့
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁
တပ်မတော်စစ်ကြောင်းတွေ ပြန်လည်ဝင်ရောက်လာတဲ့ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ကစပြီး မိုးကုတ်မြို့ပြင်မှာ ခြေကုတ်ယူထားတဲ့ အကြမ်းဖက်လက်နက်ကိုင်အချို့နဲ့ တပ်မတော်တို့အကြား ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့အထိ နှစ်ဘက်ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး မိုးကုတ်မြို့၏ အရှေ့နှင့်အနောက်ဘက်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ နယ်မြေအခြေအနေသိရှိသူတစ်ဦးကဆိုပါတယ်။
မိုးကုတ်မြို့ကို ပလောင်လက်နက်ကိုင် TNLA အဖွဲ့က အပစ်ရပ်စဲရေးသဘောတူညီချက်အရ တပ်မတော်ကိုလွှဲပြောင်းပေးအပ်ခဲ့တဲ့မြို့လဲဖြစ်ပါတယ်။