








မဲစာရင်းကျန်ရှိမှုမရှိစေရေးနှင့် ရပ်ကွက် အတွင်း Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ခြင်းဆောင်ရွက်မှုအား လိုက်လံကြည့်ရှု့အားပေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း မဲစာရင်းကျန်ရှိမှုမရှိစေရေးနှင့် ရပ်ကွက်အတွင်း Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ခြင်းဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု့အားပေးခဲ့ပါတယ်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုနှင့်အဖွဲ့သည် နန်းတော်ရာရပ်ကွက်သို့သွားရောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ကပ်နှံထားရှိမှုအား ပြည်သူများကလာရောက်ကြည့်ရှု့မှုနှင့် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ရပ်ကွက်အတွင်းနေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်းပါ၊မပါ(Door to Door)မြေပြင်ကွင်းဆင်းစာရင်းတိုက်ဆိုင်စစ်ဆေးကောက်ယူနေမှုအခြေများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုနှင့်အဖွဲ့သည် ဥဿာမြို့သစ်၊(၇)ရပ်ကွက်နှင့် (၉)ရပ်ကွက်များသို့သွားရောက်ပြီး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ခြင်းဆောင်ရွက်မှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိစေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများဖြင့် မဲစာရင်းပြုစုခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းတို့ ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး မကြာခင်က နိုင်ငံတော်အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးနှင့် ရပ်ကွက်အတွင်း Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ခြင်းအဖွဲ့များ၏ စာရင်းအား စနစ်တကျ ထည့်သွင်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါတယ်။
#Myanmagon