
























ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့၊အုတ်ပုံကျေးရွာရှိပါတီဝန်းရံသူများ၊ပါတီကိုအားပေးထောက်ခံသူများနှင့် တွေ့ဆုံ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၄
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပေါက်ခေါင်းမြို့၊ ဘန့်ပြင်ကျေးရွာအုပ်စု၊အုတ်ပုံကျေးရွာသို့သွားရောက်ပြီးဆွေမျိုးမိတ်ဆွေများ၊ ပါတီဝန်းရံသူများ၊ပါတီကိုအားပေးထောက်ခံသူများနှင့်တွေ့ဆုံခဲ့ပါတယ်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် တက်ရောက်လာကြသူများနှင့် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး၊မဲပေးပုံမဲပေးနည်းစန်မှန်မှန်ကန်ကန်ဖြစ်စေရေး၊ရပ်ကွက်ကျေးရွာအလိုက် စည်းရုံးရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များ၊ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
#Myanmagon