


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၆
ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်ရှိ ဇဗ္ဗူမင်္ဂလာဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်တင်လှူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ကျောက်ဆစ်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝဏ္ဍိတဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြပါတယ်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပါတယ်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေးကျောင်းတိုက် ဘဒ္ဒန္တပညာဝံသဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် ဇဗ္ဗူမင်္ဂလာဆုတောင်းပြည့်စေတီတော် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား အမွှေးနံ့သာရေများ ပတ်ဖျန်းကာ စေတီတော်ပေါ်သို့ တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါတယ်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဖောင်တော်ဦးစေတီတော်နှင့် ဖောင်တော်ဦးဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်းအခမ်းအနားသို့ တက်ရောက်ကြပါတယ်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ရပ်ကျေးသံဃနာယကအဖွဲ့ အိမ်ဖြူတောရကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။
ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပါတယ်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေးကျောင်းတိုက် ဘဒ္ဒန္တပညာဝံသဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရားနာယူကြည့်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် ဆုတောင်းပြည့်ဖောင်တော်ဦးစေတီတော်နှင့် ဖောင်တော်ဦးဆုတောင်းပြည့်စေတီတော် ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား အမွှေးနံ့သာရေများပတ်ဖျန်းကာ စေတီတော်ပေါ်သို့ တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါတယ်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများ ခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီးတောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ “ထူပါရုံ”စေတီတော်မြတ်ကြီးနှင့် “မဟာစေတီကြီး” စေတီတော်များ လုံးတော်ပြည့်ပြန်လည်မွမ်းမံပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ၊ အာရုံခံတန်ဆောင်းများ ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်နေမှုများနှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ”စေတီတော်မြတ်ကြီးနှင့် ဥာဏ်တော် ၁၀၈ ပေရှိ “မဟိယင်္ဂဏ” စေတီတော်မြတ်ကြီးများ အသစ်ပြန်လည်မွမ်းမံတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုများနှင့် သောတာပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်စေတီတော် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံတည်ထားကိုးကွယ်နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရပါတယ်။