






သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့်အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၇
သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံစဥ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ပြည်တွင်းသောင်းကျန်းမှု နှိမ်နှင်းရေးအခန်းကဏ္ဍတွင်လည်း ပါဝင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပါတယ်။
လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက်မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတူတကွပူးပေါင်း၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပါတယ်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်းကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရဦးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပါတယ်။
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပါတယ်။
လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းကြောင့် လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ လုပ်ကိုင်ဆောင် ရွက်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပါတယ်။
တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ခံစားခွင့်များနှင့် ရသင့်ရထိုက်သည် များအား ပြည့်ဝစွာရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများ၏ ခံစားခွင့်များနှင့်ပတ်သက်၍ မိမိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်တွင် ပါရဂူဘွဲ့များနှင့် မဟာဘွဲ့ရရှိသူများအား ခံစားခွင့်များတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်။
အလားတူ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော် တာဝန်များကိုထမ်းဆောင်ခဲ့ရချိန်တွင် ပညာရေးဌာန၊ ကျန်းမာရေးဌာနနှင့် အခြားဌာန များရှိ တာဝန်ထမ်းဆောင်နေသူများကို သက်ဆိုင်ရာပညာရပ်များအလိုက် ခံစားခွင့် များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၏ သက်စွန့်ဆံဖျားစရိတ်ကို မြှင့်တင်ဆောင်ရွက်ပေး ခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်း များအတွက်လည်း ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခဲ့ကြောင်း၊ တပ်မတော်သားများ၏ စားရေရိက္ခာများ ပြည့်ဝစွာရရှိရေး၊ နေထိုင်မှုနှင့် ဝတ်ဆင်မှုများအဆင့်မီကောင်းမွန် စေရေး တို့အတွက်ကိုလည်းကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။
Myanmagon