
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားသို့တက်ရောက်
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၈
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီးတက်ရောက်ပါတယ်။
အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး
ဦးနိုင်မင်းကျော်၊တိုင်းဒေသကြီးဝန်ကြီးများနှင့်
နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများ ကိုမြန်မာနိုင်ငံဆိုင်ရာကာတာနိုင်ငံသံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာဝန်ရှိသူများကရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။
ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် ကာတာနိုင်ငံ တော် သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ကြပြီးကာတာနိုင်ငံ သံရုံးတာဝန်ခံကနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။
ယင်းနောက်နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ကာတာနိုင်ငံသံရုံးတာဝန်ခံတို့သည်အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပေးကြပြီးတက်ရောက်လာကြသူများနှင့်အတူစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ပါတယ်။
ဆက်လက်၍နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများအားကာတာနိုင်ငံသံရုံးတာဝန်ခံကကာတာနိုင်ငံ၏အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့ပါတယ်။