





























သင်္ဃန်းကျွန်းခရိုင်၊ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများနှင့်မြို့မိမြို့ဖများတွေ့ဆုံပွဲသို့
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းတက်ရောက်
မြန်မာ့ဂုဏ် ဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်းများနှင့်မြို့မိမြို့ဖများတွေ့ဆုံပွဲအခမ်းအနားကိုတာမွေမြို့နယ်ရှိ
Sky Star Hotel ၌ ဒီဇင်ဘာလ(၉)ရက်နေ့ကပြုလုပ်ခဲ့ရာ၎င်းတွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ
ဦးမျိုးဇော်သိမ်းတက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲအခမ်းအနားအားနိုင်ငံတော်အလံအား
အလေးပြု၍နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးမှရွေးကောက်ပွဲကြေညာစာတမ်းအားရှင်းလင်းခဲ့ပါတယ်။
၎င်းနောက် သင်္ဃန်းကျွန်းခရိုင်အတွင်းမှဝင်ရောက်
ယှဥ်ပြိုင်အရွေးခံကြမည့်ပြည်ခိုင်ဖြိုးပါတီကိုယ်စား
လှယ်လောင်းများအားမြို့မိမြို့ဖများနှင့်တစ်ဦးချင်းစီ မိတ်ဆက်ပေးခဲ့ပြီး မြို့မိမြု့ဖတစ်ဦးမှကျေးဇူးတင်ဝမ်းမြောက်စကားပြန်လည်ပြောကြားခဲ့ပါတယ်။
၎င်းနောက် ပါတီဒုတိယဥက္ကဋ္ဌမှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများအားမြို့မိမြို့ဖများထံအပ်နှံကြောင်းနိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဌက တက်ရောက်လာသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။
#Myanmagon ။