






























ပြည်ခိုင်ဖြိုး ပါတီ (ဗဟို) ဒုတိယ ဥက္ကဌ နှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ တို့မှလှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဒုတိယဥက္ကဌ ဦးမျိုးဇော်သိန်းနှင့်ဗဟိုအလုပ်အမှုဆောင် ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ၊လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး တို့သည် ယမန်နေ့ နံနက်ကရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ၊ ဖောင်ကြီး အနောက်ကျေးရွာ ၊ တာဆုံ.လမ်းမကြီး အနီး ၊လိပ်ပြာတောင်ခြံဝန်း၌ကျင်းပပြုလုပ်သောလူထုတွေ့ဆုံပွဲ့သို့ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအလုပ်မူဆောင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်တင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR)ဦးရဲရင့်စိုးညွှန့်၊ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးနေမင်းထွန်း၊ လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် (FPTP) ကိုယ်စားလှယ် ဦးအောင်မျိုးနိုင်နှင့်တိုင်းဒေသကြီး လွှတ်တော် (PR) ဦးအောင်ဝင်းထူး နှင့် ဖောင်ကြီးကျေးရွာအုပ်စုမှ ကျေးရွာများဖြစ်သောဖောင်ကြီးအရှေ့၊ ဖောင်ကြီးအနောက်၊မင်းကွန်း မရမ်းချောင် ဂွေတောက်အိုက်၊ ပုသင်ညိုနှင့် ဟိုင်းကူးတို့မှ ပါတီဝင်များ၊ ပါတီဝန်းရံများ၊ပြည်သူ( ၃၅၀၀ )ကျော် တက်ရောက်ခဲ့ကြောင်းသိရပါတယ်။
Myanmagon(Sn)