
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ၏အမြဲတမ်းကြားနေမူဝါဒနှစ်(၃၀)ပြည့် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ယမန်နေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၊အက်ရှ်ဂါဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိကြရာ တာ့ခ်မင်နစ္စတန်နိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် အက်ရှ်ဂါဘတ်မြို့ရှိ Monument of Neutrality ၌ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀) ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှကိုယ်စား လှယ်ခေါင်းဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ဂုဏ်ပြု ပါဝင်တက်ရောက်ပါတယ်။
အခမ်းအနားတွင် တာ့ခ်မင်နစ္စတန်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလံတင်အခမ်းအနားကို ဆောင်ရွက်ကြကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြု ကြပြီး အခမ်းအနားအစီအစဉ်များအလိုက် ဆောင်ရွက်ကြပါတယ်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာ့ခ်မင်နစ္စတန် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ်(၃၀)ပြည့်အထိမ်းအမှတ်ပြပွဲသို့တက်ရောက်၍ တာ့ခ်မင်နစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပြခန်းများ၊ ရိုးရာ လက်မှုပညာပစ္စည်းများ၊ ဒစ်ဂျစ်တယ်စနစ်နှင့် AI နည်းပညာသုံးပြခန်းများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပြခန်းများနှင့် အက်ရှ်ဂါဘတ် မြင်းမျိုးများ၊ ဒေသရှိ သိုး၊ ဆိတ်၊ နွားမျိုးစိတ်များထားရှိရာ နေရာနှင့် တာ့ခ်မင်နစ္စတန် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြပါတယ်။
ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ H.E. Mr. Serdar Berdimuhamedov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမို တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာ မျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
Myanmagon(Sn)