




နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၈
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့နယ်ရှိ ဖုန်ကန်ရာဇီခန်းမ၌ ပူတာအိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြားပါတယ်။
အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှများစွာအားထားသည့် ဒေသတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့တယ်။
မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ပူတာအိုမြို၌ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်ဟု ကချင်ပြည်နယ်၊ ပူတာအိုမြိုသိုရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။
#Myanmagon(Sn)