














ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ခေတ်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြခြင်း ကြည့်ရှုအားပေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၈
အင်အားပြင်း မန္တလေးငလျင်ကြီးဖြစ်စဉ်တွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရမှုများအပေါ် သုံးသပ်ချက်၊ သင်ခန်းစာ ဖော်ထုတ်ချက်များအရ မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့(National Search and Rescue Team)ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြံပေးအဖွဲ့ (International Search and Rescue Advisory Group – INSARAG)၏ အသိအမှတ်ပြု Medium Team အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင်စုဖွဲ့ပြင်ဆင်လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်မှ လိုအပ်သော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/ စက်ပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းပေးခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါ ယာဉ်/ စက်ပစ္စည်းကိရိယာများနှင့်အတူ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (National Search and Rescue Med-ium Team) များ၏ ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေး စွမ်းရည်သရုပ်ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ဗဟိုမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ကြည့်ရှုအားပေးကြပါတယ်။
ဦးစွာ နေပြည်တော် ဗဟိုမီးသတ်စခန်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧည့်သည်တော်များက ခင်းကျင်းပြသ ထားသည့် နိုင်ငံတကာရှာဖွေကယ်ဆယ် ရေးလုပ်ငန်းသုံး ခေတ်မီယာဉ်/ စက် ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက Medium Team နှစ်ခုကို သတ်မှတ်ယာဉ်/ စက်ပစ္စည်းများဖြင့် ပြင်ဆင်စုဖွဲ့ လေ့ကျင့်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြပါတယ်။
ယင်းနောက် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ (National Search and Rescue Medium Team) များက နိုင်ငံတကာသို့ သွားရောက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ဇာတ်တိုက်လေ့ကျင့်မှုပုံစံဖြင့် ဖြစ်စဉ်ဖွင့်ကာ သရုပ်ပြသရာ ဦးစွာအခင်းဖြစ်ပွားနိုင်ငံအနေဖြင့် မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုသတင်းရရှိ၍ ဒေသခံ Local USAR Team များက ရောက်ရှိနေရာယူပြီး မျက်မြင်လူနာများကယ်ထုတ်ခြင်း၊ တည်နေရာအန္တရာယ်ရှိမှုနှင့် ရှာဖွေတွေ့ရှိချက်များကို နိုင်ငံတကာသုံး INSARAG Marking System အသုံးပြု၍ အမှတ်အသားပြုလုပ်ခြင်း၊ စနစ်တကျ မှတ်တမ်းတင်မှု Work-site and Victim Marking ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရှိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Myanmar Urban Search and Rescue Team – MUSAR)က သတင်းလက်ခံရရှိ၍ အခင်းဖြစ်နိုင်ငံသို့ ထွက်ခွာခြင်း၊ International Respon-ders များအတွက် Airport-based Reception & Information Gateway ဖြစ်သည့် Reception and Departure Centre – RDC ဖြတ်ကျော်ခြင်း၊ လုပ်ငန်း Area များကို တိတိကျကျ Sectoring & Tasking ဆောင်ရွက်ပေးသည့် (USAR Coordination Cell – UCC) နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ MUSAR Team ၏ စနစ်တကျအခြေပြုနေထိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဖြစ်သည့် လုပ်ငန်းခွင်စီမံခန့်ခွဲမှု၊ ပစ္စည်းကိရိယာများ၊ ဆေးဝါး၊ စားသောက်ကုန်စီမံထိန်းသိမ်းမှု၊ နေရာချထားမှု (Base of Operations-BoO) လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊ Local USAR Team အဆင့်ဖြင့် ဆောင်ရွက်၍မရသည့် ပိတ်မိနေသူလူနာများကို MUSAR Team မှ ရှာဖွေခြင်း၊ ကယ်ဆယ်ခြင်း၊ ဆေးဝါးကုသမှုပေးခြင်း၊ OSOCC သို့ သတင်းပို့ခြင်း နှင့် ပြန်လည်ထွက်ခွာခြင်းစသည့် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ သရုပ်ပြ ဆောင်ရွက်ခဲ့ကြပါတယ်။
Medium အဆင့်ရှိ USAR Team ၏ စွမ်းဆောင်ရည်မှာ ဘေးအန္တရာယ်ကျရောက်သည့် နေရာများမှ ပိတ်မိ/ ပိမိ/ ပျောက်ဆုံးနေသူကို ရှာဖွေရေးခွေးဖြင့် ရှာဖွေခြင်း (Canine Search) နှင့် နည်းပညာအသုံးပြုရှာဖွေခြင်း (Techni-cal Search) တို့ကို ဆောင်ရွက်ရာတွင် လုပ်ငန်းနေရာ (Worksite) တစ်ခုလျှင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကြာချိန် ၂၄ နာရီဖြင့် ၇ ရက်တိုင်တိုင်ဆောင်ရွက်နိုင်ပြီး Medium USAR Team တွင် ပါဝင်သော ဆေးအဖွဲ့အနေဖြင့် ရှာဖွေတွေ့ရှိရသည့် လူနာများကို အရေးပေါ်ဆေးအကူအညီများ ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ် (Assessment of Search and Rescue) ASR Level-4 အထိ ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ International Search and Rescue Advisory Group(INSARAG) Guidelines များနှင့်အညီ မြို့ပြရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ Urban Search and Rescue Team များ ဖွဲ့စည်းနိုင်ခြင်းဖြင့် ပြည်တွင်း၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း နိုင်ငံ့ကိုယ်စားပြု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon(Sn)