




























ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့၊အမှတ်(၅)ရပ်ကွက်ရှိ ပါတီဝန်းရံသူများနှင့် တွေ့ဆုံ
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၁၉
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်၌ ပါတီကိုအားပေးထောက်ခံသူများ၊ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါတယ်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် တက်ရောက်လာကြသူများနှင့် မဲပေးခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး၊ရပ်ကွက်ကျေးရွာအလိုက် စည်းရုံးရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ဒေသနှင့်အကျုံးဝင်ကိုက်ညီသည့်အချက်များရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊ဖွံ့ဖြိုးရေးကိစ္စရပ်များရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြပြီးမဲပေးရာတွင်မှားယွင်းမှုမရှိစေပဲ မဲပေးမှုမှန်ကန်စေရေးတို့ကိုသရုပ်ပြရှင်းလင်းပြသခဲ့ပါတယ်။
ထို့အပြင် ပေါက်ခေါင်းမြို့နယ်၊အမှတ်(၅)ရပ်ကွက်အနေဖြင့်လည်းပေါက်ခေါင်းသားဦးမျိုးဇော်သိမ်းကို မဲထည့်ဘို့ အသင့်ဖြစ်နေပြီလို့ ရပ်ကွက်နေပြည်သူတွေကပြောဆိုနေကြပါတယ်။
#Myanmagon(SN)