






ရှေးဟောင်းသမိုင်းဝင် အထင် ကရ စေတီတစ်ဆူဖြစ်သည့် ဘောဘောကြီးစေတီသို့သွားရောက်ဖူးမျှော်ကြည်ညို
မြန်မာ့ဂုဏ် ဒီဇင်ဘာလ ၂၁
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းအချိန်ကသရေခေတ္တရာမြို့ဟောင်း၏ အနောက် တောင်ဘက်ရှိ ဒွတ္တဘောင်မင်းကြီးတည်ထားခဲ့သော ရှေးဟောင်းသမိုင်းဝင် အထင် ကရ စေတီတစ်ဆူဖြစ်သည့် ဘောဘောကြီးစေတီသို့ ရောက်ရှိကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက စေတီတော်ကြီးအား ရှေးမူလက်ရာမပြတ် ထိန်းသိမ်းထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြပါတယ်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများသည် တန်ဖိုးဖြတ်၍မရနိုင်သည့် အမွေအနှစ်များဖြစ် သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုကြောင်း၊ စေတီတော်ကြီး လုံးပတ်တော်ပေါ်၌ သစ်ပင်ငယ်များပေါက်ရောက်နေ ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် ဖယ်ရှားရှင်းလင်းသွားရန်လိုကြောင်း၊ စေတီတော်ပရိဝုဏ်နှင့်အနီးတစ်ဝိုက်တွင် ချုံနွယ် များအား ရှင်းလင်းခြင်း၊ သစ်ပင်ကြီးများအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပါတယ်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပါတယ်။
ယင်းနောက် စေတီတော်မြတ်ကြီးအား လက် ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားပါတယ်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စု၊ သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့ သည့် လက်သည်းရေကန်ကျောင်းတိုက်(ခ)သုံးပန်လှကျောင်းဝင်းအတွင်းရှိ နှစ်ထပ် အုတ်တိုက်အား ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပါတယ်။
#Myanmagon(SN)