





























နိုင်ငံအတွက် အင်မတန် အရေးကြီးသည့် အချိန်အခါကို ကျော်ဖြတ်ရမည့် ရွေးကောက်ပွဲဖြစ်တယ်လို့ ဦးတေဇကျော်ပြော
မြန်မာ့ဂုဏ်၊ ၂၀၂၅ ဒီဇင်ဘာ ၂၂
ယခုကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ အချိန်အခါကို ကျော်ဖြတ်ရမယ့်ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံအတွက် အရေးကြီးသလို မိမိတို့ မန္တလေးတိုင်းဒေသကြီးအတွက်၊ အောင်မြေသာစံမြို့နယ်အတွက်လည်း အင်မတန် အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတေဇကျော် က ပြောပါတယ်။
အောင်မြေသာစံမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ
ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ က မန္တလေးမြို့၊ အောင်မြေမန္တလာ အားကစားကွင်းမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။
ဒါ့အပြင်လာမယ့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည်နဲ့ မဲပေးကြဖို့ တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတေဇကျော်ကဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေရဲ့ လူထုတွေ့ဆုံပွဲမှာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတေဇကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဟိန်းမင်းဦးနဲ့ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးအောင်၊ ဦးညီညီ(ခ)ဦးကျော်ဆန်းနဲ့ ဦးမျိုးမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည် တို့ တက်ရောက်ခဲ့ကြပါတယ်။