





























တိုင်းပြည်ကိုဦးဆောင်နိုင်တဲ့ ပါတီဖြစ်လို့ မိမိတို့ပါတီကို မဲပေးကြဖို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းပြော
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၂၃
ပြည်ခိုင်ဖြိုးပါတီဟာ အစဉ်အလာကောင်းတွေ ဖော်ဆောင်ပေးခဲ့တဲ့အပြင် တိုင်းပြည်ကိုဦးဆောင်နိုင်တဲ့ ပါတီကြီးဖြစ်တဲ့အတွက် မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းမြို့ နှစ်ခုနှစ်ရာပြည့်အားကစားကွင်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပြုလုပ်တဲ့ စစ်ကိုင်းမြို့နယ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲအခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဦးလှထွန်းကကျွန်တော်တို့တိုင်းပြည်ရဲ့ ရွေးကောက်ပွဲကြီးဟာ သိပ်အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ အစိုးရ၊ တရားဝင်အစိုးရဖြစ်လာတဲ့အခါမှာ နိုင်ငံတကာအလယ်မှာရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်လို့လည်း သူကဆိုပါတယ်။
စစ်ကိုင်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးသက်ပုံက ပြည်ခိုင်ဖြိုးပါတီအစိုးရအဖြစ်တာဝန်ယူနိုင်ခဲ့ရင် တိုင်းပြည်ရဲ့အခက်အခဲအားလုံးကို ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်နိုင်တဲ့အစိုးရဖြစ်လာမယ်လို့ အပြည့်အဝယုံကြည်တယ်လို့ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်နဲ့ စစ်ကိုင်းဒေသကြီးအတွင်းက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနု၊ အကယ်ဒမီအုန်းသီး၊ ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ တေးသံရှင်တွေဖြစ်ကြတဲ့ ဒီဖြိုး၊ ဆိုတေး၊ ဂျင်းနီ၊ ဆူဇီနဲ့ အနုပညာရှင်တွေသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ဒေသခံပြည်သူထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။
#MyanmaGon(Teams)