












အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး
မြန်မာ့ဂုဏ် ဒီဇင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာတွင် ရဟန်း၊ရှင်၊လူ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ ပဲခူးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အတူ ဆေးကုသမှုလာ ရောက်ခံယူကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက် ဆေးကုသပေးနေမှု့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့သည် ဆေးကုသမှုလာရောက်ခံယူကြသည့် ရဟန်းရှင်လူပြည်သူ(၃၅၀)ဦးကျော်အား နေ့လည်စာထမင်းဗူးနှင့် ရေသန့်တို့အား လှူဒါန်းပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်ရေးနှင့် ပြည်သူများ အသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်ရေးအတွက် မြို့ပေါ်ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကျေးလက်ဒေသအထိ အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများအပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း ဖြည့်ဆည်းပေးလျှက်ရှိကြောင်းသိရှိရပါတယ်။
အထူးကုဆရာဝန်ကြီးများမှ မယင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် အထူးကုဘာသာရပ်များဖြစ်သည့် အထွေထွေရောဂါကုသမားတော်၊ အရိုးရောဂါအထူးကု၊ သားဖွားမီးယပ်ရောဂါအထူးကု၊ မျက်စိရောဂါအထူးကု၊ သွားနှင့်ခံတွင်းရောဂါအထူးကုစသည့် ဘာသာရပ်(၅)ခုဖြင့် လာရောက်ပြသသူစုစုပေါင်း(၃၅၀)ဦးကျော်အား ကျန်းမာရေး စစ်ဆေးကုသမှုပြုလုပ်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။
Myanmagon(SN)