











ပဲခူးမြို့၌ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (ဒုတိယနေ့ည)ကျင်းပပြုလုပ်
မြန်မာ့ဂုဏ် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(ဒုတိယနေ့ည)ကို ဇန်နဝါရီလ(၂)ရက်နေ့ ည(၇)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်နာကြားခဲ့ပါတယ်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီးအမှူးပြုသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံတရားနာပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ(သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်၊ ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ (သာသနဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ)က “ပုံမှန်ကျင့်လျှင် နိဗ္ဗာန်ဝင်”တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းသိကောင်းစရာ တရားဒေသနာတော်မြတ်ကို ဟောကြားတော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေများနှင့် သင်္ကန်းခြင်းတို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြပါတယ်။
Myanmagon(SN)