























ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမျိုးဇော်သိမ်းရွာခွဲပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ
မြန်မာ့ဂုဏ် ဇန်နဝါရီ ၅
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ပေါက်ခေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမျိုးဇော်သိမ်းသည်ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီအတွင်းရေးမှူးဦးကျော်ကျော်လင်းတို့နှင့်အတူဇန်နဝါရီ (၅)ရက်နေ့၊နေ့လည်ပိုင်း၌ပဲခူတိုင်းဒေသကြီး(အနောက်)၊ပေါက်ခေါင်းမြို့နယ်ပါတီရုံး၌ရွာခွဲပါတီခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာတွင်ပါတီဒုတိယဥက္ကဋ္ဌမှရွေးကောက်ပွဲကျင်းပသည့်နေ့အတွက်ကြိုတင်ပြင်ဆင်ထားရမည့်အကြောင်းအရာများနှင့်မိမိတို့ပါတီဝင်များအားလုံးမဲပေးနိုင်ရေးကိစ္စများ၊စည်းရုံးလှုပ်ရှားဆောင်ရွက်ခြင်းမပြုလုပ်ရသောနေ့ Silent Day နေ့တွင်လုပ်ဆောင်ရမည့်အကြောင်းအရာများဆွေးနွေးမှာကြားခဲ့ပြီးတက်ရောက်လာသောရွာခွဲပါတီခေါင်းဆောင်များ၏တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
Myanmagon(SN)
Photo by WaiLinn