






























ပြည်သူလူထု ယုံကြည်အားကိုးနိုင်သူများကို ရွေးချယ်ထားခြင်းကြောင့် ယခုငါးနှစ်အတွက် အရွေးမမှားဘဲ ပြည်ခိုင်ဖြိးပါတီကို တစ်ခဲနက်မဲပေးကြရန် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား
မြန်မာ့ဂုဏ် ဇန်နဝါရီ ၅
ပြည်သူလူထု ယုံကြည်အားကိုးနိုင်သူများကို ရွေးချယ်ထားခြင်းကြောင့် ယခုငါးနှစ်အတွက် အရွေးမမှားဘဲ ပြည်ခိုင်ဖြိးပါတီကို တစ်ခဲနက်မဲပေးကြရန် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။ယနေ့(ဇန်နဝါရီ ၅ ရက်)ညပိုင်းက ကလောမြို့နယ်၊ နန်းတိုင်း(တောင်ရိုးရွာ)ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ “
ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးခိုင်းသလဲ၊ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေကို မဲပေးသင့်သလဲ။ ပြည်ခိုင်ဖြိုးပါတီကလည်း ပြည်သူလူထုက ယုံကြည်အားကိုးလာရင် လုပ်နိုင်စွမ်းအားရှိမယ့် လူတော်လူကောင်း ပညာတတ်တွေကို ရွေးထားတယ်။ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်။ ဒီဒေသသားတွေ ဖြစ်တယ်။ ဒီဒေသက လူမျိုးတွေပဲ ဖြစ်တယ်။ အရွယ်စုံတယ်။ အားလုံးပြည့်စုံတဲ့သူတွေ ကျွန်တော်တို့ ရွေးထားတယ်။ ငါးနှစ်ပေါ့ဗျာ၊ ကျွန်တော်တို့နဲ့ လက်တွဲကြည့်၊ အဲ့ဒီ ငါးနှစ်မှာမှ ကျွန်တော်တို့ မစွမ်းဆောင်နိုင်ဘူးထင်ရင် နောက်ငါးနှစ်ကျရင် နောက်တစ်ဖွဲ့ ပေးလိုက်ပေါ့။ ဒါ ရှင်းရှင်းလေးပဲ။ ဒီငါးနှစ်မှာ ကြိုက်တယ်ဆိုရင် နောက်ငါးနှစ်လည်း ကျွန်တော်တို့ကို ပေးပေါ့။ ကျွန်တော်တို့ ဆက်လုပ်ပေးမှာပေါ့။ သေချာတာကတော့ ဒီတစ်ကြိမ်တော့ အရွေးမမှားဘဲနဲ့ ပြည်ခိုင်ဖြိးပါတီကို တစ်ခဲနက်မဲပေးပါလို့ ကျွန်တော်က တင်ပြချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
ဒေသခံပြည်သူများအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည်နှင့် မဲပေးရွေးချယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပြီး လုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ တိုက်နယ်တစ်ခုလုံးတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရန်အတွက် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် စည်းရုံးပေးကြဖို့ကိုလည်း မေတ္တာရပ်ခံလိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က “ အခု တက်ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံး ပြည်ခိုင်ဖြိုးပါတီကို ယုံယုံကြည်ကြည်နဲ့ မဲပေး၊ ဒီဒေသဖွံ့ဖြိုးရေးကို လက်တွဲပြီး လုပ်ကြမယ်။
ကိုယ်ကိုတိုင်လည်း မဲပေးပါ။ ဒီတိုက်နယ်တစ်ခုလုံးမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရအောင် အချင်းချင်းစည်းရုံးပြီးတော့မှ ဒို့ဒေသ နောက်ကျမကျန်အောင်၊ ဒီဒေသတိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်အောင်၊ ငါတို့ အရွေးမမှားဖို့ လိုတယ်ဆိုတာ ကိုယ့်ကိုကိုယ်ချစ်ရင်၊ ကိုယ့်လူမျိုးကို ချစ်ရင်၊ ကိုယ့်ဒေသကိုချစ်ရင်၊ ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ စည်းရုံးပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားသည်။လက်ရှိတွင် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ရွေးကောက်ပွဲတွင် ပါဝင်သော မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်ပေါင်း ၉၀ ကျော် အနိုင်ရရှိထားကြောင်း၊ လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိဦးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။“ အစိုးရဖွဲ့ဖို့ သေချာသွားပြီ။ ဒီထက် သေချာတာ မရှိတော့ဘူး။ လာမယ့် ဇန်နဝါရီ ၁၁ မှာလည်း နိုင်ကြဦးမယ်။ ပြည်ခိုင်ဖြိုးက အစိုးရဖြစ်မှာ သေချာနေပြီ။ ကျွန်တော်တို့ကလည်း ကိုယ်စားလှယ်ဖြစ်သွားပြီ ဆိုပါစို့။ ဒီဒေသ ဖွံ့ဖြိုးမှုတွေ နောက်ကျမကျန်ခဲ့ဖို့၊ အရွေးမမှားဖို့၊ အတွေးမမှားဖို့၊ ကျွန်တော်တို့က အခုလို ညပိုင်းအချိန်အထိ ကိုယ်ကိုတိုင်လည်း မိတ်ဆက်အပ်နှံပေါ့၊ ကျွန်တော်တို့ကို မဲပေးပါပေါ့၊ အပ်နှံတာပေါ့။ တစ်ဖက်ကလည်း ကျွန်တော်တို့ကို အားကိုးပါ။ ဒါမှ ကျွန်တော်တို့က ဒီဒေသရဲ့အကျိုး တောင်းဆိုတာတွေ လုပ်ပေးနိုင်မှာ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
မိမိတို့အနေဖြင့် ဒေသ၏ အကျိုးများကို လုပ်ဆောင်နိုင်ရန်အတွက် စွမ်းအားရှိမှ ကူညီနိုင်မည် ဖြစ်ခြင်းကြောင့် စွမ်းအားရှိသည့် ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့် မိမိတို့လူမျိုး နောက်ကျမကျန်ရန်အတွက် အသဲကြားက မဲတစ်ပြားကို ဦးနှောက်နှင့်စဉ်းစားပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြရန်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာနန္ဒာလှမြင့် က ပြောကြားသည်။
Myanmagon AdminTeams