







ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေး ရှမ်း/မြောက်၊ရှမ်း/တောင်နှင့်မွန်ပြည်နယ်တို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများပြုလုပ်၊ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုများအားစစ်ဆေး
မြန်မာ့ဂုဏ် ဇန်နဝါရီ ၇
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲ အပိုင်း(၂) အောင်မြငစွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲများကို ယနေ့(ဇန်နဝါရီ ၇ ရက်)တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) ၊ တန့်ယန်းမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတေဇခန်းမ၌ လည်း ကောင်း၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်တို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမအသီးသီး၌လည်းကောင်း၊ မွန်ပြည် နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိုတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ် သာအစည်းအဝေးခန်းမ၌ လည်းကောင်း ပြုလုပ်ခဲ့ကြပါတယ်။
ယင်းသို့ ပြုလုပ်ခဲ့ကြရာသက်ဆိုင်ရာတိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်တာဝန်ရှိသူများ၊ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါတယ်။
ဦးစွာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ပါတီစုံဒီမိုကရေစီအထွေ ထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ် သက်၍အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေ အနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နေသည့်ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ရှိ မြို့နယ်ခန်းမ၊ အမှတ်(၁) ရပ်ကွက်ရှိမဲရုံ၊အမှတ် (၂)ရပ်ကွက်ရှိ ရှမ်းစာပေယဉ်ကျေးမှုခန်းမရှိမဲရုံနှင့် “ဝ”ယဉ်ကျေးမှုခန်းမရှိမဲရုံတို့အား လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့၊ မြို့နယ်ခန်းမ၊ မိုင်ကိုင်မြို့နယ်နှင့်လဲချားမြို့နယ်များအတွင်းရှိ မဲရုံနေရာများအား လည်းကောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့ရှိအခြေခံပညာအထက် တန်းကျောင်း၊ မြို့မ(၃)ရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးအားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊တိုင်းမှူး များနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များထိန်းသိမ်းထားရှိမှု၊ ဆန္ဒမဲပေးခြင်းလုပ်ငန်း များဆောင်ရွက်နေမှုနှင့် ကြိုတင်မဲပေးမှုလုပ်ငန်းများဆောင်ရွက် နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊တိုင်းမှူးများနှင့် တာဝန်ရှိသူများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
Myanmagon(SN)