























ပေါက်ခေါင်းမြို့နယ်တွင် ဝင်ရောက်ယှည်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ တွေ့ဆုံ
မြန်မာ့ဂုဏ်၊ ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဝင်ရောက်ယှည်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇင်မင်းထက်နှင့် ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင် တို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇင်မင်းထက်နှင့် ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင် တို့က မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မဲဆန္ဒရှင်ပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။