
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာန၊ လက်ထောက်ကာကွယ်ရေးဝန်ကြီး Major General Valeriy Aleksandrovich Revenko က လာရောက်တွေ့ဆုံ
မြန်မာ့ဂုဏ် ဇန်နဝါရီ ၁၄
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးဌာနကြီး၏ အကြီးအကဲနှင့် လက်ထောက်ကာကွယ်ရေးဝန်ကြီး Major General Valeriy Aleksandrovich Revenko က ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံပါတယ်။
ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရပါတယ်။
Myanmagon(SN)