


























ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး ဖောင်းတောကျေးရွာကျောင်းစုံညီပွဲသို့တက်ရောက်အားပေး
ပျော်ဘွယ် ၊ ဇန်နဝါရီ ၁၈ ၊၂၀၂၆
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပျော်ဘွယ်မြို့နယ်၊ ဖောင်းတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဖြစ်သည့် အ.လ.က ဖောင်းတောတွင် ကျင်းပပြုလုပ်သည့် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးတက်ရောက်အားပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမိသားစုမှ စုံညီပွဲတော်အခမ်းအနားတွင် အ.လ.ကဖောင်းတောကျောင်းအတွက် ဘက်စုံသုံးနိုင်ရန် အလှုငွေပေးအပ်ခဲ့ပြီး ရွာသစ်ကျေးရွာအုပ်စုအတွင်းလမ်းပြုပြင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ၂၅ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပျော်ဘွယ်မြို့နယ်တွင်အနိုင်ရရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်းကျင်းပခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပျော်ဘွယ်မြို့နယ်အတွက် ကိုယ်စားပြုဆောင်ရွက်ခဲ့သည့် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။