

















မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသို့သွားရောက်၍ မြေပြင်ကွင်းဆင်းလိုက်လံရှင်းလင်းပြသ
မြန်မာ့ဂုဏ် ဇန်နဝါရီ ၂၅
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွှန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့က ရှင်းလင်း ပြောကြားကြပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ စစ်သံမှူး များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက် ရောက် လေ့လာသတင်းရယူကြပါတယ်။
ထိုသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် ဇော်မင်းထွန်း က မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများ၊ အစိုးရနှင့်တပ်မတော်၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း လက်ရှိအခြေအနေတွင် တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်း တိုက် ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြောကြားမှုအပြည့်အစုံ အားသီးခြားဖော်ပြထားပါတယ်။
ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများမှ ထပ်မံဖော်ထုတ် ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြောကြားမှုအပြည့်အစုံ အားသီးခြားဖော်ပြထားပါတယ်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့/ မြေမြုပ်/ ဖောက်ခွဲ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာအဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏အနောက်တောင်ဘက် ၃၃ ကီလိုမီတာအကွာရှိ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၂ နေရာ သို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိမှုအခြေအနေများ၊ ထပ်မံဖော်ထုတ်ရမိသည့် နေရာ(၅/၆/၇/၈/၁၀/၁၂/၁၃/၁၄) တို့၌ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးရမိမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် က ရှင်းလင်း ပြောကြားပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှု များကို ပြန်လည်ဖြေကြားပါတယ်။
ယင်းနောက် မူးယစ်ဆေးဝါးစစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ချီးမြှင့် ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပါတယ်။
ထို့နောက် ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများခင်းကျင်းပြသထားရှိမှုအား လိုက်လံကြည့်ရှုလေ့လာကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီ အလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။
ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင် ဘက် ၉ ကီလိုမီတာခန့်အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာသို့ ရောက်ရှိကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများကနေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် နှင့်တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာအဖွဲ့များသည် ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲ ဖျက်ဆီးခြင်းများဆောင်ရွက်ထားရှိမှုအား ရဟတ်ယာဉ်များဖြင့် ကြည့်ရှုလေ့လာခဲ့ပါတယ်။
Myanmagon(SN)