



























ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တွင်းရွာ အ ထ က ကျောင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး သွားရောက်ကြည့်ရှုကာ ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံခဲ့
ပျော်ဘွယ် ၊ ဇန်နဝါရီ ၂၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ် တွင်းရွာရှိ
အခြေခံပညာအထက်တန်းကျောင်း(တွင်းရွာ)တွင် မန္တလေးငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်များကိုသွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များတင်ပြဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေသခံရွာသူရွာသားများက မိမိတို့ကျေးရွာအုပ်စုအတွင်း လမ်းတံတားများ ၊ငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီများ ၊ သာသနိကအဆောက်အအုံများ နှင့် စာသင်ဆောင်များ ပျက်စီးထိခိုက်ခဲ့မှုများအပါအဝင် ကျေးရွာနှင့်ပက်သက်သည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ကျေးရွာလိုအပ်ချက်များကို ဒေသခံရွာသူရွာသားများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။
MYANMAGON