

ရန်ကုန်-မန္တလေးအမြန်လမ်းသုံးစွဲသည့် ပြည်သူများသို့ ပန်ကြားချက်ထုတ်ပြန်
မြန်မာ့ဂုဏ် ဇန်နဝါရီ ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်းသုံးစွဲသည့် ပြည်သူများသို့ ပန်ကြားချက်ထုတ်ပြန်ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၂၈-၃-၂၀၂၅ မန္တလေးငလျင်ကြီးကြောင့် ၁၆၅မိုင် ၁ဖာလုံ နှင့် ၁၆၅မိုင်၃ဖာလုံ အတွင်းရှိဆွာချောင်းတံတား မှာ အကြီးစားထိခိုက်ပျက်စီးခဲ့ရပြီး နေပြည်တော် မှ ရန်ကုန် သို့သွားသောလမ်းပေါ် ရှိတံတားကို အသစ်ပြန်လည်တည်ဆောက်လျက်ရှိပါတယ်။
ရန်ကုန်မှနေပြည်တော်သို့သွားသောလမ်းပေါ်ရှိတံတားမှာလည်းအရေးပေါ် ယာယီအသုံးပြုနိုင်ရန် တံတားအောက်မှဒေါက်များထောက်ခြင်း၊ တံတားအပေါ်၌ဘေလီသံပေါင်များ တပ်ဆင်ခြင်းများပြုလုပ်၍သုံးစွဲလျက်ရှိရာ တံတားကိုအသစ်ပြန်လည်တည်ဆောက်ပြီးစီးမည့် ၂၀၂၆ မတ်လကုန်အထိ အန္တရာယ်ကင်းစွာသုံးစွဲနိုင်ရေးအတွက် ယာဥ်၁စီးလျှင် ခရီးသည်+ကုန် (၂၃) တန်အထိသာ ဖြတ်သန်းခွင့်ပြုထားပါတယ်။
အမြန်လမ်းတိုးဂိတ်ကတ္တားများ၌ ခရီးသည်တင် မှန်လုံယာဥ် ကြီးများနှင့် ခွင့်ပြုကုန်စည်တင်ယာဥ်များကို ယာဥ်+ခရီးသည်/ပစ္စည်း (၂၃)တန် အထိအများဆုံးသယ်ဆောင်ခွင့်ပြုထားပါတယ်။
ကညနမှခွင့်ပြုထားသောယာဥ်အမျိုးအစားအလိုက်သယ်ဆောင်ခွင့်ပြုထားသောယာဥ်+ခရီးသည်/ကုန်သတ်မှတ်တန်ချိန်များကိုလည်းဇယားဖြင့်တိကျရှင်းလင်းစွာဖော်ပြထားပါတယ်။
စုစုပေါင်းအလေးချိန်(၂၃)တန်ထက်ပိုသောယာဥ်များအနေဖြင့်အမြန်လမ်းကို(လုံးဝ)သုံးစွဲခွင့်ပြုမည်မဟုတ်ဘဲအခြားလမ်းများမှသွားလာရမည်ဖြစ်ပါကြောင်း ခရီးသွား ပြည်သူများအား အသိပေးပန်ကြားအပ်ပါသည်ဟုအမြန်လမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှထုတ်ပြန်ထားပါတယ်။
#Myanmagon(SN)