ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၆) ကျင်းပ
မြန်မာ့ဂုဏ် ဇန်နဝါရီ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၆)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကားပြောကြားပါတယ်။
နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမြစ်ပြတ်သည်အထိဆက်လက်ဖော်ထုတ်၍ ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမြစ်ပြတ်သည်အထိဆက်လက်ဖော်ထုတ်၍ ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှ ဇန်နဝါရီ ၂၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၁/၂၀၂၆)တွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုများနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ် ပေါက်စေရေးအတွက် အမြစ်ဖြတ်နှိမ်နင်းလျက်ရှိရာ နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာ ဝန်တစ်ရပ်အနေဖြင့် အမြစ်ပြတ်သည်အထိဆက် လက်ဖော်ထုတ်ပြီး ထိရောက်သည့်ပြစ်ဒဏ်များချမှတ်ရမည်ဟု ပြောပါတယ်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများသည် နိုင်ငံတော်လုံ ခြုံရေးကို ခြိမ်းခြောက်နိုင်၍ ထိရောက်စွာတိုက်ဖျက်ခြင်းဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဟု ပြောပါတယ်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုအပါအ ဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အမြစ်ပြတ်သည်အထိထိရောက်စွာတားဆီးကြပ်မတ်ဆောင် ရွက်ရန်လိုအပ်သည်ဟု မှာကြားပါတယ်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဖြင့်ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်သဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်း ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်အောင်မြင်မှုအခြေအနေများကို နိုင်ငံတကာမှသိရှိအောင်ထုတ်ဖော်ပြသနိုင်ခဲ့ပြီး တာဝန်ရှိသူများမှလည်း မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟု နိုင်ငံတော်ဝန် ကြီးချုပ်ဦးညိုစောက မှာကြားခဲ့ပါတယ်။
Myanmagon(SN)

