
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (၃၇) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲ တက်ရောက်
မြန်မာ့ဂုဏ် မတ် ၆ ရက်
ရေဆင်းရှိ သစ်တောသုတေသနဌာန၌ (၃၇) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ကျင်းပခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်ပါမောက္ခများနှင့် သုတေသနစာတမ်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် သုတေသနကဏ္ဍ၏ အရေးပါမှုကို အလေးထားပြောကြားကာ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို သုတေသနနည်းလမ်းသစ်များဖြင့် ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့သော သတ္တုတူးဖော်မှုကို အားပေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။
စာတမ်းဖတ်ပွဲကို နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ သုတေသနစာတမ်း ၂၇ စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon