
အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၂၆) ဖွင့်ပွဲ ကျင်းပ
မြန်မာ့ဂုဏ် မတ် ၇ ရက်
နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) တွင် အဆင့်မြင့်ပညာကဏ္ဍ အရည်အသွေးမြှင့် စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကို ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီးများနှင့် တက္ကသိုလ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနအရည်အသွေးမြှင့်တင်ရေးနှင့် ကျောင်းသား project သုတေသနများ အဆင့်မီစေရေးကို အလေးထား ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါတယ်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဒုတိယပါမောက္ခချုပ်များ၏ မဟာဗျူဟာအခန်းကဏ္ဍ၊ ပညာရေးမူဝါဒများနှင့် တက္ကသိုလ်ဖွံ့ဖြိုးရေးအကြောင်း ဆွေးနွေးပို့ချခဲ့ပြီး အခြားတာဝန်ရှိသူများကလည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအကြောင်း ဆွေးနွေးခဲ့ပါတယ်။သင်တန်းကို မတ် ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ပါတယ်။
#Myanmagon