
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေး
မြန်မာ့ဂုဏ် မတ်လ ၇ ရက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်သည့် Football For Schools Program အရ ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ Hotel Max တွင် ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ လက်ရွေးစင်ကစားသမားများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Football For Schools အစီအစဉ်သည် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ မြှင့်တင်ရာတွင် အရေးပါကြောင်း ပြောကြားခဲ့ပြီး ကျောင်းများတွင် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။
ထို့နောက် FIFA ၏ ပံ့ပိုးမှုဖြင့် Adidas အမှတ်တံဆိပ် ဘောလုံး ၄၂,၇၆၀ လုံး ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် လက်ရွေးစင်ကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ၏ Mini Football Game ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။
#Myanmagon