

မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၌ ကန်သာယာညဈေး ဖွင့်ပွဲပြုလုပ်
မြန်မာ့ဂုဏ် မတ် ၈
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကန်သာယာအရှေ့ဘက်တွင် ကန်သာယာညဈေး ဖွင့်ပွဲ ကို ယနေ့ညနေပိုင်းတွင် အဆိုပါနေရာ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပါတယ်။ထို့နောက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းနှင့်ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်းတင်ပြပါတယ်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါညဈေးရှိ ဈေးဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါတယ်။
#Myanmagon