
ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
မြန်မာ့ဂုဏ် မတ်လ ၈
မတ် ၇ ရက်နေ့တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း ဘက်စုံသုံးခန်းမ၌ (၃၃) ကြိမ်မြောက် SEA Games နှင့် (၁၃) ကြိမ်မြောက် ASEAN Para Games တွင် ဆုတံဆိပ်ရရှိခဲ့သော မြန်မာအားကစားအဖွဲ့များကို ပံ့ပိုးကူညီခဲ့သည့် စေတနာရှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များ၏ ပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့များအတွက် အလှူရှင်များက စုစုပေါင်း ထိုင်းဘတ် ၃၆.၅ သိန်းနှင့် မြန်မာငွေကျပ် သိန်း ၄၇၃၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
#Myanmagon