
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားအား လက်ခံတွေ့ဆုံ
မြန်မာ့ဂုဏ် မတ်လ ၁၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေး ကြပါတယ်။
#Myanmagon