
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားခြင်းအခမ်းအနားကျင်းပ
မြန်မာ့ဂုဏ် မတ်လ ၁၂
စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းခြင်း အခမ်းအနားကို နေပြည်တော် ရုံးအမှတ်(၆) ရတနာခန်းမတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး၊ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ရေး၊ ရေနံထွက်ပစ္စည်း စက်ရုံများ ပြုပြင်မွမ်းမံခြင်းနှင့် စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ သုတေသနနှင့် နည်းပညာအသုံးပြုမှုများ တိုးတက်လာစေရေး ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် စွမ်းအင်ကဏ္ဍ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
#Myanmagon