




အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်
MMG March 18
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ (မတ် ၁၈ ရက်) နံနက် ၁၀ နာရီမှစတင်၍ ကျင်းပလျက်ရှိပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတိုကို ရွေးကောက်တင်မြှောက်ရာတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးအား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ယနေ့ (မတ် ၁၈ ရက်) ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် သဘာပတိအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းတ့ိကို ဆောင်ရွက်နေခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေးသည် ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် အမှတ် (၃) မှ ရွေးကောက်ခံရခြင်းဖြစ်သည်။
#Myanmagon