









ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကလွှတ်တော် ကိုယ်စားလှယ်များအား ISEC Myanmar က မျက်စိကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး
မြန်မာ့ဂုဏ် မတ် ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်အစည်းအဝေးများတက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များအတွက် မျက်စိကျန်းမာရေးစောင့်ရှောက်မှုကို ယနေ့နံနက် ၀၉၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်၊ အဆောင်(B)၌ ဆောင်ရွက်ပြုလုပ်ရာ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဇနီးဒေါ်ထွေးထွေးညွန့်တို့မှ ကိုယ်စားလှယ်များ မျက်စိကုသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားပါတယ်။
အဆိုပါ မျက်စိကျန်းမာရေးစောင့်ရှောက်မှုကို International Specialist Eye Centre (ISEC) Myamar က မျက်စိအထူးကုဆရာဝန်ကြီးများ၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များမှ စမ်းသပ်ကုသပေးပြီး ၂၁-၃-၂၀၂၆ ရက်နေ့မှ ၂၂-၃-၂၀၂၆ ရက်နေ့ထိ (၂)ရက်တိုင်တိုင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
#Myanmagon