




မြန်မာ့ဂုဏ် အောက်တိုဘာ ၁၆
လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မကွေးတိုင်းတွင် အီလက်ထရောနစ်မဲပေးစက်(MEVM)စက် (၅၂၈၈)လုံးအသုံးပြုသွားမည်ဖြစ်တယ်လို့သိရပါတယ်။
မကွေးတိုင်း၌ရွေးကောက်ပွဲကျင်းပရာတွင် အပိုင်း(၁) ၏ မြိုနယ်(၉)မြို့နယ်တွင် မဲပေးစက်(၄၂၅၉)လုံး အသုံးပြုသွားမည်ဖြစ်ကာ အပိုင်း(၂)၏ မြိုနယ်(၁၁) မြိုနယ်တွင် မဲပေးစက်(၂၃၁၈)လုံးအသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ထိုကြောင့် မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုနည်းပြဆရာဖြစ်သင်တန်း၊ ဘက်ထရီထိန်းသိမ်းထားသိုနည်းနှင့် အသုံးပြုနည်းသင်တန်းအား ယနေ့ အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ဖွင့်လှစ်ပိုချလျက်ရှိပါတယ်။
#Myanmagon