ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့်တွေ့ဆုံ
မြန်မာ့ဂုဏ် အောက်တိုဘာ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံံဆွေးနွေးခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဌမှ ပါတီတာဝန်ရှိသူများအနေဖြင့် ဘာပဲလုပ်လုပ် ပြည်သူ့အကျိုး ရှေ့ရှု၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အရေးအား ပရဟိတစိတ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် ဒုတိယဥက္ကဌသည် တက်ရောက်လာကြသူများမှ သိလိုသည်များမေးမြန်းမှုအား ပြန်လည်ဖြေကြား၍ လိုအပ်သည်များအား ဖြည့်စွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
Myanmagon









