
မြန်မာ့ဂုဏ် ၊ ဩဂုတ် ၂၉
2025 E Sports World Cup ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ မြန်မာအားကစားအဖွဲ့ Yangon Galacticos E Sports အသင်းကို ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင် (၁၃၁၀၀)ကျော် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဩဂုတ် ၂၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမမှာ ကျင်းပခဲ့ရာ
အားကစားနှင့်လူငယ်ရေးရာပြည်ထောင်စုဝန်ကြီး နဲ့ အလှူရှင်တွေပူပေါင်းပြီး ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းကျပ်သိန်း ၁၃၁၀၀ ကို ပေးအပ်ခဲ့ပါတယ်။
2025 E Sports World Cup ပြိုင်ပွဲမှာဆုရရှိခဲ့တဲ့ Yangon Galacticos E Sports အားကစားအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်က ဂုဏ်ပြုဆု ငွေကျပ်သိန်း ၄၀၀၊ အုပ်ချုပ်နည်းပြတွေကို ဂုဏ်ပြုဆု ငွေကျပ်သိန်း ၂၀၀ တို့ကို ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အုပ်ချုပ်/နည်းပြများကို ဂုဏ်ပြုဆု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ပါတယ်။
အဲနောက်မှာတော့ KBZ Group က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၈ ထောင်အပါအဝင် အလှူရှင်တွေက အားကစားအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလှူရှင်တွေရဲ့ ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းကျပ် သိန်း ၁၃၁၀၀ ကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ မြန်မာအားကစားအဖွဲကို ပေးအပ်ချီးမြှင့်ပါတယ်။
လာမယ့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း E Sports အဖွဲ့ချုပ်က စီမံဆောင်ရွက်နိုင်မှု၊ E Sports လက်ရွေးစင်အားကစားသမားတွေက ကြိုးစားလေ့ကျင့်မှုတွေ လုပ်နေတယ်လို့သိရပါတယ်။
#MyanmaGon #Esport #Champion #Worldcup #Myanmar