


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၃
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပျဉ်းမနား- တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းလမ်းဆုံမှာ စက်တင်ဘာ ၃ရက် ဒီကနေ့ နေ့လည် ၁နာရီဝန်းကျင်က အဝေးပြေးကား
(Express)တစ်စီး ဘရိတ်ပေါက်ကာ ဆိုင်ကယ်ပြင်ဆိုင်အား ဝင်ရောက်တိုက်မိပြီး ချောက်အတွင်းသို့ ထိုးကျကာ ချောက်အတွင်းရှိ နေအိမ်ပေါ်သို့ ပိမိခဲ့ပါတယ်။
တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရပြီး ဆိုင်ကယ်ပြင်ဆိုင်အတွင်းမှ မ(၁)ဦးနဲ့ နေအိမ်မှ ကျား(၁)နဲ့ စုစုပေါင်း (၂)ဦး သေဆုံးကာ စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။