


မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၃
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ပေကျင်းမြိုရှိ Tebian Electric Apparatus (TBEA) ကုမ္ပဏီသို့ စက်တင်ဘာ ၃ ရက်နေ့ ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာသွားရောက်လေ့လာခဲ့ပါတယ်။
(TBEA) ကုမ္ပဏီမှ ဆောက်လုပ်ထားတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်း စွမ်းအင်ထုတ်လုပ်ရေး ၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွတ်နေမှု ၊ လျှပ်စစ်ပစ္စည်းများထုပ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်လေ့လာကာ သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လေ့လာမှုမှာ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံနဲ့ပက်သက်လို့ ရေအားလျှပ်စစ် ၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ထုတ်လုပ်မှုနဲ့ သတ္ထုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများမှာ အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
#Myanama #TBEA #China #Myanmar