
မြန်မာ့ဂုဏ် ၊ စက်တင်ဘာ ၈
တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ စက်တင်ဘာ (၉)ရက် မြန်မာစံတော်ချိန် ညနေ (၃) အချိန်တွင် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှ ဖိတ်ခေါ်ပြိုင်ပွဲအဖြစ်ကျင်းပနေတဲ့ CFA TEAM CHINA BEIGUO-RENBAI GROUP SHIJIAZHUANG FUTSAL INTERNATIONAL TO URNAMENT 2025 ဖူဆယ်ပြိုင်ပွဲမှာ မြန်မာအမျိုးသားလက်ရွေးစင်ဖူဆယ်အသ င်းဟာ အုပ်စုပွဲစဉ် (၃)ပွဲမှာ ၂ပွဲနိုင် ၊ ၁ ရှုံးကာ ရမှတ် ၆ မှတ်နဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အုပ်စုဒုတိယနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အုပ်စုတွင်းပွဲစဉ်များတွင် နယူဇီလန်အသင်းကို (၃) ဂိုး ဂိုးမရှိဖြ င့်လည်းကောင်း၊ ကမ္ဘောဒီးယားအသင်းကို (၄) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကာ အင်ဒိုနီးရှားအသင်းကို (၅) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရကာ ရမှတ် (၆) မှတ်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ကစားသမား (၁၈) ဦး၊ အုပ်ချုပ်နည်းပြ (၆) ဦး ဖြင့် အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်ပါတယ်။
#MyanmaGon